You are browsing the archive for ကားဈေး.

ကားဝယ်စီးချင်လား . . . ၊ ဈေးထပ်ကျဦးမယ်

September 25, 2011 in News

713a

ကားဈေးများ ထပ်ကျဦးမည် ဆိုသည်ကို ကားဝယ်စီးသူများ တွက်ချက်ကြည့်ရန်လိုပြီး ကားဝယ်စီးလျှင် ရှုံးမည်ဆိုသည်ကို သတိပြုသင့်သည်ဟု ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များ၊ မြန်မာနိုင်ငံနှင့် ကားမူဝါဒ အပေါ် လေ့လာနေသူများက သုံးသပ် ပြောကြားခဲ့ပါသည်။

ကားဟောင်းအပ်ပြီး စလစ် တစ်ရွက်အား ကျပ်သိန်း ၁၂၀ အထိ ဈေးခေါ်ဈေးကစားခြင်း၊ လေးဘီး နှင့် ဆလွန်းတိုက်ရိုက်လဲခြင်း၊ အမြတ်ကြီးစားထားသည့် ၀န်ဆောင်ခဈေးများနှင့် ကားသွင်းပေးမည့် ကုမ္ပဏီများကြားတွင် ကားဝယ်စီးခြင်းဖြင့် ဈေးမှန်မဖြစ်နိုင်၍ ရှုံးမည် ဟု ဆိုကြသည်။


၂၀၀၂ မော်ဒယ် တိုယိုတာ မတ်တူးဆလွန်းကို မြန်မာပြည်ဆိပ်ကမ်း အရောက် ကျပ်သိန်း ၁၅၀ ဈေးခေါ်တယ်။ ဒီတော့ ဒေါ်လာ နဲ့ဆို ၁၉၀၀၀ ၀န်းကျင် ဖြစ်နေပြီ။ အခွန်ဆောင်တာ မပါသေးဘူး။ ကားအရင်းနဲ့ဆိုရင်  .  .  .


ထပ်မံ၍မကြာမီ ကားအရောင်းပြခန်းများ လာရောက်ဖွင့်လှစ်မည် ဆိုပါက ၀ယ်ယူစီးနင်းရမည့် ကားဈေး၊ ပို့ကုန်လုပ်ငန်းရှင်နှင့် နိုင်ငံခြားငွေရသည့် လုပ်ငန်းလုပ်ကိုင်နေသူများ၊ နိုင်ငံခြားငွေရရှိနေသည့် ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ ကားတင်သွင်းလာပါက ကျသင့်မည့်ကားဈေးများဖြင့် တွက်ချက် နှိုင်းယှဉ်ခြင်းဖြင့်လည်း ယခုဈေးများဖြင့် ၀ယ်စီးသူများအနေဖြင့် အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ကို သတိပြုသင့်ကြောင်း သုံးသပ်ကြခြင်း ဖြစ်ပါ သည်။

ကားတစ်စီး အပြီးအစီးတန်ဖိုး တွက်ပြီးပြီလား  .  .  .

“ကားဟောင်းတစ်စီးဝယ်ရင် အခု လေးဘီးက ကျပ် ၁၀၅ သိန်း၊ ကားပြန်သွင်းမယ်ဆိုရင် အခု ကုမ္ပဏီတွေ ဈေးခေါ်ထားတာ စီးပွားကူးသန်းက တင်သွင်းခွင့်ပေးထားတဲ့ CIF   ဈေး အမေရိကန်ဒေါ်လာ ၅၀၀၀ တန် ၂၀၀၂ မော်ဒယ် တိုယိုတာ မတ်တူး ဆလွန်းကို မြန်မာပြည်ဆိပ်ကမ်းအရောက်  ကျပ်သိန်း ၁၅၀ ဈေးခေါ်တယ်။ ဒီတော့ ဒေါ်လာနဲ့ဆို  ၁၉၀၀၀ ၀န်းကျင်ဖြစ်နေပြီ။ အခွန်ဆောင်တာ မပါသေးဘူး။ ကားအရင်းနဲ့ဆိုရင် ၂၅၅ သိန်း။ အခွန်ဆောင်ရမှာက ကညနမှာ ၀ယ်ရင်းဈေး FOBဈေး ဒေါ်လာ ၃၅၀၀၊ အကောက်ခွန်မှာ CIF  ဈေး ဒေါ်လာ ၅၀၀၀ ပေါ်မှာ ၄၀ ရာခိုင် နှုန်းနဲ့ ဒေါ်လာ ၂၀၀၀၊ ကုန်သွယ် လုပ်ငန်းခွန်က CIF  ဈေး ဒေါ်လာ ၅၀၀၀ ပေါ်မှာ ၂၅ ရာခိုင်နှုန်းနဲ့ ဒေါ်လာ ၁၂၅၀ ဆိုရင် စုစုပေါင်း ဆလွန်းကားတစ်စီး အတွက် ဒေါ် လာ ၆၇၅၀ ကျမယ်။ တစ်ဒေါ်လာ ၈၀၀ နဲ့တွက်ရင် ကျပ် ၅၄ သိန်း။ ဒီတော့ ကားဟောင်းတစ်စီး ၀ယ်ပြီး ဒေါ်လာ ၃၅၀၀ တန်ကားတစ်စီး သွင်းမယ့်သူက စုစုပေါင်းကျပ် ၃၀၉ သိန်းကုန်မယ်။ ကားဟောင်းရှိတဲ့သူ ကိုယ်တိုင်သွင်းရင်တောင် ၂၀၄ သိန်းလောက် ကုန်မယ့်ကိန်းပါ။ ၂၀၀၂ မတ်တူးကို ပြောတာ ဟိုဟာကုန် ဒီဟာကုန်နဲ့ဆိုရင် ကျပ်သိန်း ၂၁၀ လောက် ကျသင့်မယ်။ ကားဟောင်း ၀ယ်သွင်းမယ့်သူက တစ်ခြားကုန်ကျစရိတ်နဲ့ဆို ကျပ်သိန်း ၃၂၀ နဲ့ အထက်မှာကုန်မယ်”ဟု ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။ Read the rest of this entry →