Online Phone Billing System: Prepaid Phone or Post Paid Phone by AGD Bank
January 30, 2012 in News
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိအသုံးပြုနေသော GSM နှင့် CDMA Mobile ဖုန်းများကို မတ်လနောက်ပိုင်းတွင် ဖုန်းပြောခကောက်ခံသော(Post paid) စနစ်မှ ငွေဖြည့်ကတ်ဝယ်ပြီး ကြိုတင်ဖြည့်ရသော(Prepaid) စနစ်သို့ ပြောင်းလဲတော့မည်ဟု တရားဝင် ကြေငြာထားပါတယ်။ ၄င်းကိစ္စအတွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် Online Phone Bill အသုံးပြုနေသောသူများ သိရှိနိုင်ရန် တင်ပြလိုက်ပါတယ်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင် Online Phone Bill A/C ဖွင့်လှစ်ထားသော တယ်လီဖုန်းများအနေဖြင့် ငွေဖြည့်ကတ်ဝယ်ပြီးငွေဖြည့်ရသော(Prepaid)စနစ်သို့ ပြောင်းလဲလိုခြင်း မရှိပါက ယခုလက်ရှိအတိုင်း ဆက်လက်သုံးစွဲနိုင်ပါကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရပါတယ်။
၎င်းအပြင် လက်ရှိ မိုဘိုင်းဖုန်း အသုံးပြုနေသူများအနေဖြင့်လည်း ငွေဖြည့်ကတ်ဖြင့်ဖုန်းဘီလ်ပေးဆောင်ရခြင်း(Prepaid)စနစ်မျိုးကို မနှစ်သက်ပါက ကျွန်တော်များ၏ Online Phone Bill စနစ်သို့ (မဖြစ်မနေ) ပြောင်းလဲအသုံးပြုရမည်ဖြစ်ကြာင်း မြန်မာ့ဆက်သွယ်ရေးမှ သိရပါတယ်။ တန်းစီပြီးဖုန်းခပေးဆောင်ရသော ကောင်တာစနစ်ကို ဆက်လက်အသုံးပြုတော့မည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးမှ ပြောပါတယ်။
နိုင်ငံတကာတွင် ငွေဖြည့်ကတ်ဖြင့်ဖုန်းပြောဆိုခဖြည့်တင်းခြင်းစနစ်ကို အသုံးပြုသူများရှိသလို လိုင်းဝယ်ယူပြီး ကြိုက်သလောက်ပြော ကျသလောက်ရှင်းပေးရသည့်စနစ်ကို အသုံးပြုနေသူများလည်း အများအပြားရှိပါတယ်။ အထူးသဖြင့် ကုမ္ပဏီကြီးများတွင် လုပ်ကိုင်နေသော လုပ်ငန်းရှင်များ၊ အမှုဆောင်အရာရှိကြီးများသည် မိမိတို့ပြောဆိုမည့်ဖုန်းအတွက် ငွေဖြည့်ကတ်များဝယ်ယူဖြည့်တင်းနေရခြင်းမျိုးကို အသုံးမပြုလိုကြပါဘူး။ ငွေဖြည့်ကတ်အချိန်မီမရသဖြင့် အရေးကြီးသော ကိစ္စများကို အချိန်နှင့်တပြေးညီ စီစဉ်ညွှန်ကြားနိုင်မှု မပြုနိုင်မှာကို စိုးရိမ်ကြပါတယ်။ ယင်းသို့သော ပုဂ္ဂိုလ်များအတွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ ကြိုက်သလောက်ပြော ကျသလောက်ရှင်း(Post Paid)စနစ်ဖြစ်သည့် Online Phone Billing စနစ်ကို အသုံးပြုနိုင်ပါကြောင်း ဖိတ်ခေါ်အကြောင်းကြားအပ်ပါတယ်။
Online Phone Bill အသုံးပြုနေသည့် (Post Paid) စနစ်မှ ငွေဖြည့်ကတ်ဖြင့် ဖုန်းခဖြည့်တင်းပြောဆိုရသော(Prepaid) စနစ်သို့ ပြန်လည်ပြောင်းလဲလိုပါကလည်း မြန်မာ့ဆက်သွယ်ရေးမှ ခွင့်ပြုပေးမည်ဟုလည်း ထပ်မံသိရှိရပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင် Online Phone Bill စနစ်ကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။
https://billing.yatanarpon.com.mm/
Source: AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်)





ဘယ်သူတွေက ဘာတွေပြောထားလဲ?